သခင်ခရစ်တော်၏ကြင်နာမှုကို ဖြန့်ကျက်ခြင်း
သနားကရုဏာလား၊ ကလဲ့စားချေခြင်းလား။ Isaiah (အိုင်ဇိုင်းယား)သည် Little League (လစ်တယ်လိဂ်)၏ မြို့နယ်ချန်ပီယံ ဘေ့စ်ဘောပြိုင်ပွဲတွင် သူ့ခေါင်းကို အရှိန်ပြင်းသည့်ဘောလုံးထိမှန်ခဲ့သည်။ သူ့ခေါင်းကိုကိုင်ရင်း မြေပေါ်လဲကျသွားခဲ့သည်။ သူ၏ဟမ်းမက်ဦးထုပ်က ဒဏ်ရာပြင်းပြင်းထန်ထန် မရအောင် သူ့အားကာကွယ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရပေမည်။ ပွဲစဉ်ဆက်ကစားခဲ့ရာ မိမိ၏မရည်ရွယ်သည့်အမှားတစ်ခုကြောင့် တုန်လှုပ်နေသည့် ပြိုင်ဘက်အသင်းမှ ဘောလုံးပစ်သမားကို အိုင်ဇိုင်းယား သတိထားမိခဲ့သည်။ ထိုအချိန်မှာပင် အိုင်ဇိုင်းယား သည် သာမန်မဟုတ်သည့်အရာတစ်ခုကို လုပ်လိုက်ရာ၊ သူ၏တုံ့ပြန်မှုဗီဒီယိုသည် ဟိုးလေးကျော်သွားခဲ့သည်။ ဘောလုံးပစ်သမားထံ သူလျှောက်သွားပြီး နှစ်သိမ့်သည့်အနေဖြင့်ပွေ့ဖက်ခဲ့ပြီး သူအဆင်ပြေကြောင်း ပြသခဲ့သည်။
ရန်ပွဲဖြစ်နိုင်သည့် ထိုအခြေအနေမျိုးတွင် အိုင်ဇိုင်းယား သည် ကြင်နာမှုကိုသာရွေးချယ်ခဲ့သည်။
ဓမ္မဟောင်းကျမ်းတွင်လည်း သူ့ကို လှည့်ဖြားခဲ့သည့် အမွှာညီ ယာကုပ်ကို လက်စားချေရန် နှစ်ပေါင်းများစွာကြံစည်ခဲ့သည့် အစီအစဉ်များကို ဧသောသည် စွန့်ပစ်ကာ အလားတူ ပို၍ခက်ခဲသည့်လမ်းကိုရွေးချယ်ခဲ့သည်။ ယာကုပ်သည် ရပ်ဝေးသို့ထွက်ပြေးခဲ့ပြီး နှစ်ပေါင်း (၂၀) ကြာပြီးနောက် မိမိနေအိမ်သို့ပြန်လာခဲ့ရာ ဧသောသည် သူ့အပေါ်မှားယွင်းစွာပြုခဲ့သည့် ယာကုပ်အား…
ဘုရားသခင်၏ နူးညံ့သောချစ်ခြင်းမေတ္တာ
၂၀၁၇ ခုနှစ်က ကလေးကို ပုံမှန်ကာကွယ်ဆေး ထိုးပေးနေစဉ် ဖခင်တစ်ဦးသည် သူ၏နှစ်လသားအရွယ် ကလေးကို နှစ်သိမ့်ပေးနေသော ဗီဒီယိုတစ်ခုသည် ဖခင်၏ ချစ်ခြင်းမေတ္တာကို ဖော်ကျုးနိုင်ခဲ့၍ နိုင်ငံတကာ၏အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။ သူနာပြုဆရာမက ကာကွယ်ဆေးထိုးပြီးသည့်အခါ ဖခင်က သားကို သူ၏ပါးသို့ကပ်ပြီး နူးညံ့စွာ ချီပွေ့ထားရာ၊ စက္ကန့်ပိုင်းအတွင်း ကလေးငယ်၏ငိုရှိုက်သံ ရပ်တန့်သွားခဲ့သည်။ ချစ်နှစ်သက်ဖွယ်သော မိဘတစ်ဦး၏ပြုစုယုယမှုထက် ပို၍စိတ်ချရသောအရာ မရှိတော့ပါ။
သမ္မာကျမ်းစာတွင် ဘုရားသခင်ကို ချစ်နှစ်သက်ဖွယ်သောမိဘတစ်ဦးအဖြစ် လှပစွာ ဖော်ကျူးချက်၊ သူ၏သားသမီးများအတွက် နက်နဲသော ဘုရားရှင်၏ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းသည့်ပုံရိပ်များစွာရှိသည်။ ဓမ္မဟောင်းကျမ်းမှ ပရောဖက် ဟောရှေသည် နိုင်ငံကွဲပြားသော အချိန်ကာလအတွင်း မြောက်ပိုင်းနိုင်ငံတွင် နေထိုင်သော ဣသရေလလူမျိုးများအား ပြောကြားရန် သတင်းစကားကို ပေးအပ်ခြင်းခံခဲ့ရသည်။ သူတို့အား ဘုရားသခင်နှင့် ဆက်ဆံရေးဆီသို့ ပြန်လာကြရန် သူနှိုးဆော်ခဲ့သည်။ ပရောဖက်ဟောရှေသည် ဘုရားသခင်ကို နူးညံ့သိမ်မွေ့သောဖခင်တစ်ဦးအဖြစ် ဖော်ပြပြီး “ဣသရေလ ငယ်စဥ်က…
ချစ်ခြင်းမေတ္တာ၏ နောက်ခြေတစ်လှမ်း
မည်သည့်အရာက တစ်စုံတစ်ဦးအား မိမိပြိုင်ဖက်ကို အကူအညီပေးစေခဲ့သနည်း။ အမေရိကန်နိုင်ငံ၊ ဝစ္စကွန်ဆင်ပြည်နယ်မှ Adolfo (အဒိုလ်ဖို) အမည်ရှိ စားသောက်ဆိုင်ပိုင်ရှင်အတွက်မူ ကိုဗစ်ကပ်ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီဖြစ်ရန် ရုန်းကန်နေရသည့် အခြားဒေသခံ စားသောက်ဆိုင်ပိုင်ရှင်များကို ခွန်အားပေးရန် အခွင့်အရေးပင်ဖြစ်သည်။ ကပ်ဘေးအတွင်း လုပ်ငန်းလည်ပတ်ရန် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို အဒိုလ်ဖို ကိုယ်တွေ့သိခဲ့သည်။ ဒေသခံလုပ်ငန်းတစ်ခု၏ ရက်ရောမှုကြောင့် သူခွန်အားရခဲ့ပြီး သူသည် ဒေါ်လာ နှစ်ထောင်ကျော် တန်ဖိုးရှိသည့် စျေးဝယ်လက်ဆောင်ကတ်များကို သူ့ငွေဖြင့်ဝယ်ယူကာ၊ သူ့ရပ်ရွာရှိ အခြားစားသောက်ဆိုင်များတွင် သုံးစွဲရန် သူ၏ဖောက်သည်များအား လက်ဆောင်ကတ်များကို ပေးဝေခဲ့သည်။ အပြောမျှသာမက လက်တွေ့ချစ်ခြင်းမေတ္တာကို ပြသခြင်းအမှုပင်ဖြစ်သည်။
လူသားများအတွက် သူ့အသက်ကိုပင် စွန့်ရန် ဝန်မလေးသော သခင်ယေရှု၏ ချစ်ခြင်းမေတ္တာအား အဆုံးစွန်ထုတ်ဖော်ပြသမှုအပေါ် အခြေပြုလျက် (၁ ယော ၃:၁၆) နောက်ထပ်ခြေလှမ်း လှမ်းရန်နှင့် မေတ္တာ လက်တွေ့ပြသရန် စာဖတ်သူ များကို ရှင်ယောဟန်က တိုက်ထွန်းထားသည်။ ရှင်ယောဟန်အတွက် “ညီအစ်ကိုချင်းတို့အဖို့အလိုငှာ…
ဘုရားသခင်သည် ကျွန်ုပ်တို့၏ခိုလှုံရာ
ထူးခြားပြောင်မြောက်လှသော ၂၀၁၉ ခုနှစ်တွင် ဖြန့်ချိသည့် ‘Little Women’ (သူငယ်မလေးများ) ရုပ်ရှင်သည် ကျွန်မ၏ ဟောင်းနွမ်းနေသော ထိုဇာတ်လမ်း၏ဝတ္ထုစာအုပ်ကို ပြန်အမှတ်ရစေသည်။ အထူးသဖြင့် ပညာရှိပြီး နူးညံ့သိမ်မွေ့သော မိခင် ဇာတ်ကောင် Marmee (မာမီး)၏ နှစ်သိမ့်စကားများဖြစ်သည်။ သူမ၏ ခိုင်မြဲသောယုံကြည်ခြင်းကို အရင်းခံလျက် သမီးများအတွက် သူမ၏အားပေးစကားများစွာကို ဝတ္ထု၌ သရုပ်ဖော်ထားပုံက ကျွန်မအား ဆွဲဆောင်သည်။ ၎င်းတို့အနက် “ဒုက္ခများနှင့် စုံစမ်းနှောင့်ယှက်မှုများ များစွာရှိနိုင်သော်လည်း ကောင်းကင်ဘုံရှင်အဘ ဘုရား သခင်၏ ခွန်အားနှင့်ကြင်နာမှုကို ခံစားသိရှိရန် သင်ယူပါက ထိုအရာအားလုံးကို သင်ကျော်လွှားနိုင်ပြီး ခံနိုင်ရည်ရှိနိုင်မည်” ဟူသည့်အချက်က ထင်ရှားပေါ်လွင်ခဲ့သည်။
မာမီး၏စကားများက “ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာ နေရကြ၏” (၁၈:၁၀) ဟူသည့် သုတ္တံကျမ်းတွင်တွေ့ရသော အမှန်တရားကို ထင်ဟပ်နေသည်။ ရှေးဟောင်းမြို့များတွင် အန္တရာယ်ကာလအတွင်း ဘေးကင်းရန် ရဲတိုက် (ခံစစ်မျှော်စင်)များကို ဆောက်လုပ်ခဲ့ကြသည်။…
ဘုရားရှင်၏သစ္စာတည်မြဲမှုကို ကျွန်ုပ်မြင်ခဲ့ပြီ
Queen Elizabeth II (ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီး)၏ သမိုင်းဝင် ဗြိတိန်နိုင်ငံကို အနှစ် (၇၀) ကြာ အုပ်ချုပ်ခဲ့သည့်သက်တမ်းတစ်လျှောက် သူမ၏ဘဝအကြောင်း အတ္ထုပတ္တိ စာအုပ်တစ်အုပ်ကိုသာ ကိုယ်တိုင်အမှာစာရေး၍ ထုတ်ဝေခဲ့သည်။ ထိုစာအုပ်အမည်မှာ ‘The Servant Queen and the King She Serves’ (အစေခံဘုရင်မနှင့် သူမအစေခံသောဘုရင်) ဖြစ်ပါသည်။ တိုင်းပြည်တာဝန်ထမ်းဆောင်ရာတွင် သူမ၏ယုံကြည်ခြင်းသည် သူမအား မည်သို့ထိန်းကျောင်းလမ်းပြပေးခဲ့သည်ကို သူမ၏သက်တော် (၉၀) ပြည့်မွေးနေ့အထိမ်းအမှတ် ထုတ်ဝေခဲ့သောစာအုပ်တွင် ရေးသားထားသည်။ အမှာစာတွင် ဘုရင်မကြီးက သူမအတွက် ဆုတောင်းပေးခဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တည်ကြည်ခိုင်မြဲသောမေတ္တာအတွက် ကျေးဇူးတင်ခဲ့သည်။ “ဘုရားရှင်၏သစ္စာတော်တည်မြဲမှုကို ကျွန်မ အမှန်တကယ်တွေ့မြင်ခဲ့ရပါသည်” ဟု သူမက နိဂုံးချုပ်ရေးသားခဲ့သည်။
ဘုရင်မကြီးအဲလိဇဘက်၏ ရိုးရှင်းသောစကားက သမိုင်းတစ်လျှောက်တွင် ဘုရားသခင်ကိုယ်တော်တိုင် သစ္စာတည်စွာဂရုစိုက်မှုကို သူတို့၏ဘဝတွင် ကြုံခဲ့ရဖူးသည့် အမျိုးသားများ၊…
ရွှင်လန်းစေသော စကားများ
မီးဖိုချောင်ထဲတွင် ရပ်လျက် ကျွန်မ၏သမီးက “မေမေ၊ ပျားရည်ထဲမှာ ယင်ကောင်တစ်ကောင် ရှိတယ်”ဟု ပြောရာ၊ “ရှာလကာရည်(အချဥ်)ထက်စာရင် ပျားရည်နဲ့ဆို ယင်ကောင်တွေကို အမြဲပိုပြီးဖမ်းမိတာပေါ့” ဟု ကျွန်မအကျွမ်းဝင်သောဆိုရိုးနှင့် အရွှန်းဖောက်လိုက်သည်။ ၎င်းသည် ပထမဆုံး အကြိမ် အမှတ်တမဲ့ ပျားရည်နှင့် ယင်ကောင်ကို ဖမ်းမိခြင်းဖြစ်ပြီး၊ ခါးသီးသောသဘောထားထက် ကြင်နာသော တောင်းဆိုမှုက လူကိုပို၍ ဆွဲဆောင်နိုင်သည်ဟူသော အထက်ပါခေတ်သစ်ဆိုရိုး စကား၏အမှန်တရားကို ကျွန်မကိုးကားမိခြင်းဟု သဘောပေါက်လိုက်သည်။
သုတ္တံကျမ်းသည် ဘုရားသခင်၏ဝိညာဥ်တော်မှုတ်သွင်းသော ပညာအမြော်အမြင်နှင့်ပြည့်စုံသော သုတ္တံစကားပေါင်းချုပ်ဖြစ်သည်။ ဤဆိုရိုးစကားများသည် ဘုရားသခင်ကို လေးစားချီးမြှောက်သောနည်းလမ်းဖြင့် မည်သို့ အသက်ရှင်ရမည်ဟု အရေးပါသည့်အမှန်တရားများကို ကျွန်မတို့အား လမ်းပြသွန်သင်ပေးသည်။ သုတ္တံစကား အများစုသည် လူသားချင်းပေါင်းသင်းဆက်ဆံရေးကို အလေးထားဖော်ပြပြီး၊ အခြားသူများအပေါ် ကျွန်မတို့စကားများ၏ သက်ရောက်မှုများလည်း ဖော်ပြပါရှိသည်။
ရှောလမုန်ရေးသော သုတ္တံစကားများတွင် ကိုယ်နှင့်စပ်ဆိုင်သောသူကို ဆန့်ကျင်၍ မှားယွင်းသောစကားများ ပြောခြင်းအားဖြင့် ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမှုကို သတိပေးထားသည် (သု ၂၅:၁၈)။…
ကျေးဇူးတော်ချီးမွမ်းခြင်းမင်္ဂလာ
၂၀၁၆ ခုနှစ်တွင် Wanda Dench (ဝါန်ဒါ ဒဲ့န်ချ်) သည် သူမ၏မြေးယောက်ျားလေး ဖုံးနံပါတ်ပြောင်းထားသည်ကို မသိဘဲ စာတိုတစ်စောင်ပို့ပြီး ကျေးဇူးတော်ချီးမွမ်းခြင်း ညစာစားပွဲသို့ လာရောက်ရန် ဖိတ်ကြားလိုက်သည်။ မထင်မှတ်ဘဲ ထိုစာက အခြားတစ်စိမ်းလူ Jamal (ဂျာမဲလ်) ထံသို့ရောက်သွားသည်။ ဂျာမဲလ်သည် သူမည်သူမည်ဝါ ဖြစ်ကြောင်းကို အကြောင်းပြန်ပြီး၊ သူ၌ အခြားအစီအစဉ်မရှိသဖြင့် ထိုပွဲသို့ တက်ခွင့်ရမရ မေးမြန်းခဲ့သည်။ “ရတာပေါ့” ဟု ဝါန်ဒါ က ပြန်ဖြေသည်။ ဂျာမဲလ်သည် ထိုမိသားစုညစာစားပွဲတွင် ပါဝင်ဆင်နွှဲခွင့်ရပြီး၊ ၎င်းသည် ထိုနှစ်မှစ၍ သူနှစ်စဉ်တက်ရောက်သော အစဉ်အလာတစ်ခုဖြစ်ခဲ့သည်။ လွဲမှားသော ဖိတ်ကြားမှုသည် နှစ်စဥ်ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ခဲ့သည်။
ကြင်နာစိတ်ဖြင့် တစ်စိမ်းလူတစ်ဦးအား ညစာစားပွဲသို့ ဝါန်ဒါ ဖိတ်ခေါ်ခြင်းက ရှင်လုကာခရစ်ဝင်ကျမ်းတွင် ဖော်ပြထားသည့် သခင်ယေရှု၏တိုက်တွန်းနှိုးဆော်ချက်ကို သတိရစေသည်။ အရာရှိဖါရိရှဲ၏အိမ်တွင် ညစာစားပွဲ (လု ၁၄:၁) ကျင်းပစဉ်…
ရွှေထက်သာ၍အဖိုးထိုက်သော
ပစ္စည်းဟောင်းများကို လျှော့ဈေးနှင့်ရောင်းချသည့်နေရာတွင် ဈေးနည်းသော ပစ္စည်းများကို လှန်လှောရှာဖွေရင်း အလွန်တန်ဖိုးရှိသည့်ပစ္စည်းကို တွေ့မိလိမ့်မည် ဟု စိတ်ကူးယဉ်မိဖူးပါသလား။ အမေရိကန်နိုင်ငံ၊ ကွန်နက်တီကက်ပြည်နယ်တွင် လျှော့ဈေးဆိုင်မှ (၃၅) ဒေါ်လာဖြင့် ဝယ်ယူခဲ့သော ရှေးဟောင်း တရုတ်ကြွေပန်းအိုးကို ၂၀၂၁ ခုနှစ်တွင် လေလံတင်ခဲ့ရာ ဒေါ်လာ ၇ သိန်းကျော်ဖြင့် ရောင်းချနိုင်ခဲ့သည်။ ထိုပန်းအိုးသည် ရှားပါးပြီး ထူးခြားသည့် (၁၅) ရာစုနှစ်မှ သမိုင်းဝင်ပစ္စည်း ဖြစ်နေသည်။ တန်ဖိုးမရှိဟု လူအများ ထင်ထားသည့် ပစ္စည်းသည် တန်ဖိုးကြီးနေခြင်းမှာ အံ့ဩဖွယ် နှိုးဆော်မှုတစ်ရပ်ဖြစ်သည်။
သခင်ယေရှုကို ယုံကြည်ခြင်းသည် လူအများက ငြင်းပယ်သည့် ပုဂ္ဂိုလ်ကို ယုံကြည်ခြင်းဖြစ်ကြောင်း ကမ္ဘာ့နေရာအနှံ့သို့ ပျံ့နှံ့သွားသည့် ယုံကြည်သူများထံ ရှင်ပေတရုက စာရေးပေးပို့ခဲ့သည်။ ခရစ်တော်သည် ဂျူးဘာသာရေးခေါင်းဆောင်များ၏မုန်းတီးမှုကို ခံရပြီး ရောမအစိုးရ၏ကားစင်တင်သတ်ခြင်း ခံခဲ့ရသည်။ သူသည် လောကီသားတို့၏ မျှော်လင့်ချက်နှင့် အလိုဆန္ဒတို့ကို မဖြည့်ဆည်းပေးသောကြောင့် ခရစ်တော်သည်…
နာကျင်မှုအတွက် မျှော်လင့်ခြင်း
“လူအများစု၌ အခြားသူများ မမြင်နိုင် (သို့) နားမလည်နိုင်သော အမာရွတ်များ ရှိနေကြသည်”။ ထိုစကားသည် စိတ်ကျန်းမာရေးပြဿနာများကြောင့် ၂၀၂၀ ခုနှစ် ပုံမှန်အားကစားရာသီအကုန်တွင် နုတ်ထွက်ခဲ့သည့် Major League Baseball (မေဂျာလိဂ်ဘေ့စ်ဘော) အသင်းမှ ကစားသမား Andrelton Simmons (အန်ဒရယ်လ်တန်စင်မန်စ်) ထံမှ ရိုးသားစွာ ထွက်ပေါ်လာသည်။ သူ၏ဆုံးဖြတ်ချက်ကို သုံးသပ်လျက် အလားတူ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသူများကို အားပေးရန်နှင့် စာနာမှုပြရန် သူ့အကြောင်းကိုမျှဝေရန်လိုအပ်ကြောင်း စင်မန်စ် ခံစားမိသည်။
မခန့်မှန်းနိုင်သည့် ကြီးမားနက်နဲသော အနာတရနှင့် ဒဏ်ရာများသည် မမြင်ကွယ်ရာမှ အမာရွတ်များဖြစ်ပြီး၊ ၎င်းသည် အမှန်ပင် နာကျင်လျက် ဝေဒနာခံစားရဆဲဖြစ်သည်။ ဆာလံကျမ်း ၆ တွင် ဒါဝိဒ်က သူသည် “ခွန်အားနည်း”ပြီး “အရိုးတို့ သည် တုန်လှုပ်ကြ”ကြောင်း (:၂)၊ မခံနိုင်လောက်အောင် ပြင်းထန်သော ရုန်းကန်ရမှုကို ရိုးသားစွာ ရေးခဲ့သည်။…
ဘုရားသခင်ကို သိကျွမ်းရန်ပါ
အိုင်ယာလန်နိုင်ငံသို့သွားလည်စဉ်က ရှမ်းရော့ခ် (shamrocks) အပင်ပုံကို အလှဆင်ရာတွင် အလွန်အကျွံအသုံးပြုမှုကြောင့် ကျွန်မအလွန်အံ့ဩခဲ့ရသည်။ အဝတ်အစား၊ ဦးထုပ်၊ လက်ဝတ်ရတနာနှင့် အခြားအရာများစွာ၌ အသည်းပုံ အရွက်သုံးရွက်ဆိုင်ထွက်သည့် ပဲမျိုးရင်းဝင် အစိမ်းရောင်အပင်ငယ်လေးကို ဆိုင်တိုင်းရှိ ပစ္စည်းအားလုံးနီးပါးပေါ်တွင် တွေ့နိုင်သည်။
ထိုအပင်သည် အိုင်ယာလန်ကျွန်းတစ်ခုလုံးတွင် အမြောက်အများပေါက်သည် သာမက တစ်ဆူတည်းသောဘုရားသည် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဟူ၍ (၃) ပါးအဖြစ် ထာဝရတည်ရှိခြင်းဟူသော သမိုင်းဝင်ခရစ်ယာန်ယုံကြည်မှုကို လွယ်ကူစွာရှင်းပြရန် ရှမ်းရော့ခ် အပင်အား အိုင်းရစ်လူမျိုးတို့ မျိုးဆက်တစ်ခုပြီးတစ်ခု အသုံးပြုခဲ့ကြသည်။ သုံးပါးတစ်ဆူ အယူအဆကို လူသားတို့၏ရှင်းလင်းချက်များက မပြည့်စုံသော်လည်း၊ ရှမ်းရော့ခ်သည် အပင်တစ်ပင်တည်းဖြစ်သော်လည်း ကွဲပြားသောအရွက် (၃) ရွက်ရှိသောကြောင့် ၎င်းသည် အထောက်အကူဖြစ်စေသော သင်္ကေတဖြစ်သည်။
‘သုံးပါးတစ်ဆူ’ ဟူသော စကားလုံးကို ကျမ်းစာထဲတွင် မတွေ့နိုင်ပါ။ သို့သော် အချို့ကျမ်းပိုဒ်များ၌ တစ်ချိန်တည်းတွင် သုံးပါးလုံးအတူရှိနေခြင်းကို ထင်ရှားစွာမြင်ရသည်တွင် ‘သုံးပါးတစ်ဆူ’…